ဒေါက်တာဇော်ကြီး (Dr, Zaw Gyie)
www.drzawgyie.blogspot.com ဒီမှာလာပြီး sex အကြောင်း ဗဟုသုတရှာနေကြတဲ့ sex ချစ်သူပရိသတ်အပေါင်း မင်္ဂလာပါခဗျာ ဒီဆိုဒ်ဟာဆိုရင်ဖြင့် sex ချစ်သူ ဝါသနာတူသူအားလုံးအတွက် ကျွန်နော်ဒေါက်တာဇော်ကြီး တစ်ဦးတစ်ယောက်တည်းထိမ်းချုပ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ် မည်သည့်အဖွဲ့အစည်းနဲ့မှ ဆက်စပ်ထားခြင်းမရှိပါ ဒါ့ကြောင့် တင်ထားသောပိုစ့်တွေမှာ အဆင်ပြေတာလေးတွေရော အဆင်မပြေတာလေးတွေရော ရှိချင်ရှိပါမယ် အားလုံးကိုသည်းခံပြီး ကြည့်ရှုအားပေးသွားကြပါစေလိုကြောင်း ကျွန်နော်ဒေါက်တာဇော်ကြီးမှ မေတ္တာရပ်ခံအပ်ပါသည်.....။
We don't allow watch and read below 18 year old in this site. အသက် ၁၈ နှစ်အောက်လူငယ်များ ကြည့်ခွင့်ဖတ်ခွင့်မပြုပါ......၊ ခွင့်ပြုချက်မလိုက်နာပဲ ကိုယ့်သဘောနှင့်ကိုယ်ဝင်ကြည့်ပြီး ပြသနာတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ဖြစ်ကိုယ်ခံ...........။ .................................................................................................................................................................................................................................................................................................................
Thursday, May 23, 2013
Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..? ........................Dr, တင့်ဆွေ
Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။ အောက်အဆုံးနေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။ ကလေးမွေးဘူးရင်၊ အတင်းဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။ လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျို မဟုတ်တော့တာကို သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ ချုပ်ပေးရတတ်တယ်။
အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေး နှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁) အပေါ်ပိုင်းတွေက Clitoris အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစား မငယ်ရင် Glans clitoridis မ-အစိခေါင်းကို ဖုံးအုပ်နေပြီး Fold ခေါက်ထားသလိုမျိုး ရှိနေမယ်။ အပေါ်ကနေ မိုးထားနေမယ်။ Preputium clitoridis လို့ခေါ်တယ်။ (၂) အောက်ပိုင်းတွေက Glans clitoridis မ-အစိခေါင်းရဲ့ အောက်မှာ ပေါင်းဆုံပြီး Frenulum clitoridis လို့ ခေါ်တာ ဖြစ်လာတယ်။
Labia stretching မ-အင်္ဂါ နှုတ်ခမ်းသားတွေကို ဆွဲဆန့်ခြင်း
မိန်းကလေးတွေရဲ့ မအင်္ဂါ-နှုတ်ခမ်းသား အသေးကို ပိုရှည်လာစေအောင် လုပ်ပေးနည်းကို (ရဝမ်ဒါ) စတဲ့နိုင်ငံတွေမှာ လုပ်တယ်။ လက်နဲ့ ဆန့်ပေးတာရော အလေးဆွဲပြီး လုပ်ပေးတာရော ရှိတယ်။ လိင်အရေးမှာ ကဲစေဘို့၊ Orgasm (အော်ဂဇင်) ရစေဘို့၊ Female ejaculation ပြီးတဲ့အချိန်မှာ အရည်ပန်းထွက်တာ ဖြစ်စေဘို့၊ ကျားမ နှစ်ယောက် စလုံးမှာ သာယာမှု ပိုစေဘို့ ရည်ရွယ်တယ်။ မအင်္ဂါ-နှုတ်ခမ်းသား အသေးတဖက်က ပိုတိုနေသူတွေကိုလဲ ဘက်ညီအောင် လုပ်တာလဲ ရှိတယ်။ သူတို့ဆီမှာ မိန်းကလေးတွေ အရွယ်ရောက်တည်းကနေ မ-နှုတ်ခမ်းသား အသေးကို ဆွဲဆွဲ ပေးတတ်အောင် မိန်းမကြီးတွေကနေ သင်ပေးတယ်။ ဆေးတမျိုးကိုလဲ လိမ်းကြစေတယ်။
ဆေးပညာအလိုအရ မအင်္ဂါ-နှုတ်ခမ်းသား အသေးဟာ ဘယ်အရွယ်အစားက ကောင်းတယ်၊ မကောင်းဘူးဆိုတာ မရှိပါ။ လိုတာထက် ပိုကြီးနေရင် အတွင်းခံ (ဇစ်ပ်) တပ်တာမှာ ခက်သူတွေ ရှိတယ်။ အတွင်းခံ တထပ်ထဲဝတ်ထားတာကို သူများ မြင်ရင် မလှသလိုနေမယ်။ စက်ဘီးစီးတာ ပြေးတဲ့အခါမှာလဲ ဆီးစပ်နေရာမှာ နာတတ်တယ်။ ဆီးသွားရာမှာ စိုနိုင်တယ်။
လိင်ဆက်ဆံရင် နာတတ်တယ်။
မတ်တပ်ရပ်နေတဲ့ အနေအထားမှာ ဘယ်လိုနေသလဲဆိုတာ ပိုအရေးကြီးတယ်။ ခွဲစိတ်ပြုပြင်မဲ့ အမျိုးသမီးရဲ့ မ-အင်္ဂါ ဆေးမစားမီပုံကို ကြည့်ရင် ကာယကံရှင်က အလိုမကျဘူး ဆိုတာလဲ မှန်တယ်။ အတော်ကို သိသိသာသာ တွဲကျ-ရှည်လျှားနေတာတွေ ရှိတယ်။
၂ဝဝ၄ ခုနှစ် ဗြိတိန်မှာ အသက် ၁၈ ကနေ ၅ဝ ရှိ အမျိုးသမီး ၅ဝ ကို လေ့လာမှုတခု လုပ်ခဲ့တယ်။
- Clitoral length မ-အစိ အရှည် = 5 မှ 35 (ပျမ်းမျှ = 19.1 mm)
- Clitoral glans width မ-အစိ အကျယ် = 3 မှ 10 (ပျမ်းမျှ = 5.5 mm)
- Clitoris to urethra မ-အစိကနေ ဆီးပေါက်အထိ = 16 မှ 45 (ပျမ်းမျှ = 28.5 mm)
- Labia majora length မ-နှုတ်ခမ်းသား အကြီး အရှည် = 7.0 မှ 12.0 (ပျမ်းမျှ = 9.3 mm)
- Labia minora length မ-နှုတ်ခမ်းသား အသေး အရှည် = 20 မှ 100 (ပျမ်းမျှ = 60.6 mm)
- Labia minora width မ-နှုတ်ခမ်းသား အသေး အကျယ် = 7 မှ 50 (ပျမ်းမျှ = 21.8 mm)
- Vaginal length ဗဂျိုင်းနား အရှည် = 6.5 မှ 12.5 (ပျမ်းမျှ = 9.6 cm)
မ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေသူတွေကို Labiaplasty ခွဲစိတ်ပြုပြင်နည်း လုပ်နိုင်တယ်။ ဒီနည်းကို အရင်ကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ တားမြစ်ထားရာကနေ ဖြုတ်လိုက်ပါပြီ။ မလုပ်သင့်တဲ့ Mutilation ခေါ်တဲ့ မိန်းကလေး လိင်အင်္ဂါကို လှီးဖြတ်ပေးတာကို တားမြစ်တုံးက ထည့်ထားခဲ့တာ ဖြစ်တယ်။ Labial stretching ကိုတော့ အပြစ်လို့ မသတ်မှတ်တော့ပါ။ ကာယကံရှင်ကနေ လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။ လူနာ စိတ်တိုင်းကျ အရွယ်အစားကို တိုင်ပင် ဆွေးနွေးပြီး အကောင်းဆုံးကို ဆုံးဖြတ် လုပ်ပေးနိုင်ပါတယ်။
Labia majora မအင်္ဂါ-နှုတ်ခမ်းသား အကြီးစားဟာ အဆီများပြီး၊ အသေးစားဟာ သွေးကြောများတယ်။ အသေးစားမှာ Sebaceous glands ချွေးထွက် (ဂလင်း) တွေရော Nerve endings အာရုံကြောတွေ များလို့ ထိရင် သိပ်ခံစားမှု များတယ်။ Hair follicles အမွှေးမပေါက်ဘူး။
မအင်္ဂါ-နှုတ်ခမ်းသား အသေးစားက ၂ ပိုင်းရှိတယ်။ Adipose tissue အဆီ (တစ်ရှူး) ဖြစ်တဲ့ ဘယ်နဲ့ညာနှစ်ခုကို ဆက်ပေးထားတာလေးက Vulva မိန်းမကိုယ်ရဲ့ အထက်ဆုံးမှာ ရှိတယ်။ ပဌမအပိုင်းဟာ Clitoris (ကလိုက်တောရစ်) အပေါ်ကို ဖုံးနေတယ်။ ကျားအင်္ဂါထိပ်ဖျားနဲ့ ဆင်တူတယ်။ နာမည်လဲတူတယ် Prepuce of the clitoris လို့ ခေါ်တယ်။ ခပ်ကောက်ကောက် လေးနေလို့ Clitoral hood လို့ ခေါ်တာ များတယ်။ ချိတ်လိုနေတယ်။ ဒုတိယအပိုင်းကတော့ Clitoris အောက်မှာ ကန့်လန့်စင်း Fourchette (Labial frenulum) ခေါ်တယ်။
Vulvo-vaginal folds အ-အင်္ဂါ အနီးတဝှိုက်မှာ Connective နဲ့ Erectile tissue (တစ်ရှူး) တွေဟာ ယောက်ျား လိင်အင်္ဂါ ထဲမှာရှိတဲ့ Corpus spongiosum penis နဲ့ အလားတူဖြစ်တယ်။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာချိန် ဒီနေရာမှာ စိုစွပ်-ဖေါင်းကြွလာတယ်။ ၂-၃ ဆ အထိ ပိုကြီးလာတယ်။ ဆီးသွားချိန်မှာလဲ ဆီးထွက်တာကို ဘေးနေရာ မစိုစေအောင် လုပ်ပေးသေးတယ်။
အမျိုးသမီးတယောက်ဘဝမှာ Labia minora ဟာ အရွယ်-ပုံစံပြောင်းလာတတ်တယ်။ Hypertrophied ပိုကြီးလာတာ ဖြစ်ပါတယ်။ Sexual intercourse လိင်ဆက်ဆံတာ၊ Masturbation ဖါသာအာသာဖြေတာ၊ Childbirth ကလေးကို မွေးလမ်းကနေ မွေးရတာ၊ Lymphatic congestion ရောင်တာ၊ Chronic dermatitis နာတာရှည် အရေပြားနာရှိတာ၊ Urinary incontinence ဆီးမထိန်းနိုင်တာတွေကြောင့် အဲလိုဖြစ်စေမယ်။ Genital piercing မ-အင်္ဂါနေရာမှာ ကွင်းတွေ တပ်ဆင်တာကြောင့်လဲ ဖြစ်နိုင်တယ်။
Labiaplasty (Labioplasty) ခွဲစိတ်ပြုပြင်နည်း
မအင်္ဂါ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေတာကို Plastic surgery ပလပ်စတစ်-ခွဲစိတ်နည်းနဲ့ လုပ်ပါတယ်။
(၁) Defect and Deformity ပုံသဏ္ဌာန်မမှန်လို့ ခွဲစိတ်ခြင်း၊
• Vaginal atresia မွေးကတည်းက (ဗဂျိုင်းနား) လမ်းကြောင်း မပါလာတာ၊
• Müllerian agenesis သားအိမ်၊ သားအိမ်ပြွန်တွေ ပုံမှန်မဟုတ်တာ၊
• Intersex conditions ယောက်ျားလိုရော မိန်းမလိုပါ အင်္ဂါနှစ်မျိုးဖြစ်နေတာ၊
• Exterior cosmetic refinement of the vulvo-vaginal complex ကလေးမွေးရလို့ဖြစ်ဖြစ်၊ ထိခိုက်မိလို့ဖြစ်ဖြစ် မ-အင်္ဂါတ၀ှိုက်မှာ စုတ်ပြဲသွားတာ၊
• Male-to-female sexual reassignment ယောက်ျားလိုကနေ မိန်းမလိုပီပြင်စေအောင် လုပ်ရာမှာလဲ ဒီအဆင့်ပါ ပါရတယ်။ Neovagina ဆိုတဲ့ နဂိုက မရှိသေးတဲ့ နှုတ်ခမ်းသားအတု လုပ်ပေးရတာမျိုး ဖြစ်တယ်။
(၂) Cosmetic refinement ပုံသဏ္ဌာန်မကြိုက်လို့ ပိုလှစေအောင် ခွဲစိတ်နိုင်တယ်။
အရွယ်ရောက်ပြီးသူကိုသာ ခွဲစိတ်ပေးသင့်တယ်။ ထုံးစံအတိုင်း ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီလာနေချိန်မှာ ခွဲစိတ်တာကို မလုပ်သင့်သေးဘူး။ မျိုးပွါးလမ်းမှာ ရောဂါပိုးဝင်တာနဲ့ ကင်ဆာရှိနေသူတွေကို မခွဲသင့်ဘူး။
Techniques for labial reduction မအင်္ဂါ-နှုတ်ခမ်းသား သေးအောင် ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။ Cosmetic gynecologists အထူးကု ဆရာဝန်တွေကနေ လုပ်ပေးတာက အကောင်းဆုံး ဖြစ်တယ်။
(၁) Edge resection technique အစွန်း-အနား ဖြတ်တောက်နည်း၊
(၂) Central wedge resection technique အလည်ပိုင်း တရိဂံပုံ ဖြတ်တောက်နည်း၊
(၃) De-epithelialization technique (ဒီအပီသီရယ်လိုက်ဇေးရှင်း) နည်း၊
(၄) Labiaplasty with clitoral unhooding နှုတ်ခမ်းသာပြင်နည်းရော အပေါ်က ချိတ်လိုနေရာ ပြုပြင်တာပါ ပေါင်းနည်း၊
(၅) Laser labiaplasty technique (လေဆာ) နည်း။
တချို့အမျိုးသမီးတွေဟာ အလှအပအတွက်မှာ အတော်ကို ကဲပါတယ်။ ရင်အတု၊ တင်အတုတွေက ဘာဟုတ်သေးလဲ။ Hymenoplasty အပျိုမှေး အတုပြန်လုပ်တယ်။ မိန်းမကိုယ် အသစ်ပြန်ချုပ်တယ်။ တကယ့် အပျိုပေါက်လေးလိုနေအောင် ပြန်ပြီး ငယ်ရုပ်ဆင်ချင်လို့ မိန်းမကိုယ်ကိုလဲ အဲလို ဖြစ်ချင်ကြတာဖြစ်တယ်။
The retrospective study Labiaplasty of the Labia minora: Patients’ Indications for Pursuing Surgery (2008) လေ့လာမှုအရ အမျိုးသမီး ၁၃၁ ယောက်မှာ -
• ၃၂% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ ခွဲစိတ်တယ်။
• ၃၁% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ရော Aesthetic reasons အလှအပအတွက်ရော ကြောင့် ခွဲစိတ်တယ်။
• ၃၇% ဟာ Aesthetic correction လှချင်လွန်းလို့အတွက်သာ ခွဲစိတ်တယ်။
၁၉၉၉ လေ့လာမှုအရ အဲဒီလို ခွဲစိတ်ကုသခံခဲ့သူ အမျိုးသမီး ၁၆၃ ယောက်မှာ ၉၃% က ကျေနပ်ကြတယ်။ အမေရိကားက Feminist “မိန်းမသည်သာ ဦးထိပ်မှာ” အဖွဲ့အစည်း New View Campaign ကတော့ အဲလို ခွဲစိတ်ပြုပြင်တာကို ကန့်ကွက်တယ်။ မသဘာဝ လိင်မှုရေးရာကို ဆေးပညာက စွက်ဖက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတိုင်းကတော့ သဘောမတူကြပါ။
Dr. တင့်ဆွေ
Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ...................... Dr, တင့်ဆွေ
ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။
ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ Aphrodisiac တွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ Rhinoceros ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ Banana ငှက်ပျောသီး နဲ့ Ice-cream ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။
ကနု-ကမာ Oysters ဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် Oysters ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ (Mr. Bean လို သိုးတာကို သွားမစားနဲ့။) ဒီအစားက Pine nuts လိုဘဲ Zinc သွပ်ဓါတ် များတာမို့ Sperm production သုတ်ထွက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ Testosterone ကျား-ဟော်မုန်း များစေတယ်။
Middle Ages အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ Testicles အစိ၊ Rocky Mountain Oysters (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ Bull testicles နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။
Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Chocolate ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက Pleasure areas တွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။
Club drug (ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း) နဲ့ Methamphetamine (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ Booze and party drugs ခေါ်တဲ့ Cannabis ဆေးခြောက်၊ Cocaine နဲ့ Ecstasy (MDMA) ဆေးဝါးတွေက Testosterone ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ Alcohol, Champaign အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။
Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာ မနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။
သဘာဝ လိင်အားတိုး အစာနဲ့ဆေး Natural Aphrodisiac foods and drugs လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ Cinnamon သစ်ကြံပိုးခေါက်၊ Coriander တရုပ်နံနံကြီး၊ Parsley တရုတ်နံနံသေး၊ Clove လေးညှင်းပွင့်၊ Garlic ကြက်သွန်ဖြူ၊ Ginger ချင်း (ဂျင်း)၊ Liquorice Root နွယ်ချိုမြစ်၊ Mace and Nutmeg ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ Mustard မုံညင်း၊ Pepper ငရုတ်ကောင်း၊ Saffron ကုံကုမံ၊ Orchid သစ်ခွရည်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။
Scents အနံ့ကလဲ အားပေးပါသတဲ့။ Wild Rose Shrub နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ Gland အိတ်ကနေ ထုတ်ယူကြတယ်။
လိင်အားပေးတဲ့ Flowers ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ Poppy ဘိန်းပန်း၊ Sunflower နေကြာ၊ Wild Rose Shrub နှင်းဆီရိုင်း။
B-Complex ဗီတာမင်ဘီအုပ်စု၊ Zinc သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း Estrogen နဲ့ Vitamine E ပါတယ်။
တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ Betel palm ကွမ်းရွက်၊ Betel seed ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။
တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲ ဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။
စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ Asparagus ကညွတ်၊ Banana ငှက်ပျေားသီး၊ Mushroom မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ Figs သင်္ဘောသဖန်းသီး၊ Ginseng (ဂျင်ဆန်း)၊ Lobster ကျောက်ပုဇွန်၊ Oysters ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ Veal Marsala နွားပျိုသားဟင်း စတာ-စတာတွေ ပါတယ်။ (မဆလာ ဆိုတာ ရောနှောချက်တာကို ပြောတာပါ။)
လိင်စိတ်အားပေး အစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ Placebo effect စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။
Dr. တင့်ဆွေ
Subscribe to:
Posts (Atom)



